သတင်းသမားတွေကို ထောင်ဒဏ်ချတာရပ်ပြီး ပြန်လွှတ်ပေးဖို့ CPJ တောင်းဆို

မြန်မာသတင်းသမားတွေအပေါ် ထောင်ဒဏ်ချမှတ်နေတာတွေကို ရပ်ဆိုင်းပြီး ပြန်လွှတ်ဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့( CPJ)က တောင်းဆိုလိုက်ပါတယ်။
မတ်လ၂၄ရက်နေ့မှာ CPJ က အဲဒီလိုထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးကမာရွတ်မီဒီယာကို ပူးတွဲတည်ထောင်သူ ဦးဟံသာမြင့် နဲ့ Mizzimaသတင်းဌာနအယ်ဒီတာဦးသန်းထိုက်အောင်တို့ကို ချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ် ဖို့ လည်း တောင်းဆိုလိုက်ပါတယ်။
CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ တာဝန်ခံတဦးဖြစ်တဲ့ Shawn Crispin က သတင်းသမားဦးဟံသာမြင့်နဲ့ ဦး သန်းထိုက်အောင်တို့နဲ့အတူ ဒါဇင်နဲ့ချီတဲ့မတရားလွဲမှားဖမ်းဆီးခံရတဲ့သူတွေကိုပါ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ပြည်တွင်းမှာရှိတဲ့သတင်းသမားတစ်ဦးက ‘အခုလိုထုတ်ပြန်တာကို ကြိုဆိုပေမဲ့ နိုင်ငံတကာမှာ မြင်သာမှုတစ်ခုဖြစ်စေတာကလွဲပြီး ဘာမှမထူးပါဘူး။မင်းအောင်လှိုင်တပ်တွေက အရင်ကသတင်းသမားလုပ် ခဲ့ဖူးတယ်။အခုဘာသတင်းမှမလုပ်တော့ဘူးဆိုတဲ့သူတွေကိုတောင် ဖမ်းနေတာပါ။ထုတ်ပြန်ချက်တွေလောက် ကတော့ UN တို့ အမေရိကန်တို့ ထုတ်ပြန်ချက်ကိုတောင် မင်းအောင်လှိုင်မဖြုံဘူး’လို့ ဆိုပါတယ်။
ဦးဟံသာမြင့်ကို မတ်လ ၂၁ ရက်နေ့က အင်းစိန်ထောင် စစ်ခုံရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးဦးသန်းထိုက်အောင်ကို မတ်လ၂၂ရက်နေ့မှာ ပုဒ်မ၅၀၅(ခ)နဲ့နေပြည်တော်တရားရုံးက ပုဒ်မ၅၀၅(ခ)နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာပါ။