ဒီနေ့မတ်လ ၂၄ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ဘက်ကနေ ခင်ဦးနယ်ဘက်ကို စစ်ကြောင်းချီလာတဲ့ အကြမ်းဖက်စစ်အုပ်စု တပ်သား ၉၀ လောက်ဟာ Local PDF ကင်းထောက် ရဲဘော် ၂ ဦးကို လက်ပြန်ကြိုးတုပ်ရိုက်နှက်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အခြေကုပ်စခန်း ပျဥ်ထောင်ကျေးရွာဘက် ချီတက်လာတဲ့လမ်းမှာ PDF ရဲဘော် ၂ ဦးကို ဖမ်းမိခဲ့တာပါ။ ရဲဘော်တွေစီးလာတဲ့ ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဟာ မနေ့ညပိုင်း ၁၀ နာရီလောက်ကလည်း ရေဦးမြို့ပေါ်မှာ အိမ်သာသွားဖို့ နေအိမ်ပေါ်က ဆင်းလာတဲ့ အသက် ၁၄ နှစ်ရွယ် ကလေးငယ်တစ်ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။