အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို စွန့်ခွာပြီး ရဲတပ်သားတစ်ဦး အလင်းဝင်လာခဲ့တယ်လို့ The Youth Force (Saw & Kyaukhtu) က ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
နယ်ခြားစောင့် ရဲတပ်သားတစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်ကိုဟာ မတ်လ ၂၂ ရက်နေ့မှာ The Youth Force (Saw & Kyaukhtu) နဲ့ ချိတ်ဆက်ပြီးနောက် CDM ဝင်လာတာလို့ သိရပါတယ်။
ကိုသန့်ဇင်ကို The Youth Force (Saw & Kyaukhtu) အဖွဲ့က စောင့်ရှောက်ထားခဲ့ပြီး ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ လွတ်မြောက်နယ်မြေ တစ်ခုကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာပြီး လက်နက်အပြည့်အစုံနဲ့ ပြည်သူထံ အလင်းဝင်လာသူတွေကို ဆုကြေးငွေတွေ ပေးအပ်ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိအောင် ပို့ဆောင်ပေးသွားမယ်လို့ The Youth Force (Saw & Kyaukhtu) က ကြေညာထားပါတယ်။
ဓာတ်ပုံ- The Youth Force (Saw & Kyaukhtu)