ရွှေဘိုမြို့နယ် လျှပ်စစ်ရုံးမှာ ပေါက်ကွဲမှုဖြစ်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် လျှပ်စစ်ရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး Non CDM ဝန်ထမ်း အမျိုးသမီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီကနေ့ မတ်လ ၂၄ ရက်နေ့ မနက် ၉ နာရီလောက်က အမှတ် (၃) ရက်ကွက်မှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံးအတွင်းမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦး မှန်တံခါးအချို့ ပျက်စီးခဲ့ပြီး Non CDM ဝန်ထမ်း အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဓာတ်ပုံ -MFP