မုန်တိုင်းအရှိန်နဲ့ မိုးရွာသွန်းမှုတွေကြောင့် ကိုကိုးကျွန်းနဲ့ လပွတ္တာမြို့တွေမှာ မိုးရေချိန် စံချိန်သစ် တင်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မနေ့က မတ်လ ၂၂ရက်နေ့မှာ မုန်တိုင်းအရှိန်ကြောင့် နေရာအနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ ရှိခဲ့ပြီး ကိုကိုးကျွန်းနဲ့ လပွတ္တာမြို့တွေမှာ မိုးလေဝသစောင့်ကြည့်လေ့လာရေးစခန်းတွေ စတင်ဖွင့်လှစ်ချိန်ကနေ ဒီကနေ့ အချိန်အထိ စံချိန်တင် မိုးရေချိန်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ကိုကိုးကျွန်းမှာ ၃ ဒဿမ ၁၁လက်မ ရှိခဲ့ပြီး ဒါဟာ မိုးလေဝသစောင့်ကြည့်လေ့လာရေးစခန်းစတင်ဖွင့်လှစ်ခဲ့တဲ့ ၆၂နှစ်အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့ကာ လပွတ္တာမြို့မှာတော့ သုည ဒသမ ၅၉လက်မနဲ့ ၈နှစ်တာအတွင်း မိုးရေချိန် စံချိန်သစ် တင်ခဲ့တာပဲဖြစ်ပါတယ်။
အခု စံချိန်သစ်ဟာ ကိုကိုးကျွန်းမှာ ၁၉၈၇ခုနှစ် မတ်လ ၅ရက်နေ့က စံချိန်တင်ခဲ့တဲ့ မိုးရေချိန် ၂ ဒဿမ ၄၈လက်မနဲ့ လပွတ္တာမြို့မှာ ၂၀၁၆ခုနှစ် မတ်လ ၂ရက်နေ့မှာ စံချိန်တင်ခဲ့တဲ့ မိုးရေချိန် သုည ဒဿမ ၃၉ လက်မထက် ပိုများခဲ့တာ ဖြစ်ပါတယ်။