CDM ဆရာဝန်တွေကို ဒုက္ခပေးနေတယ်ဆိုတဲ့ ဒေါက်တာခင်ခင်ကြီးကို သတိပေး

CDM ဆရာဝန်တွေကို ဒုက္ခပေးနေတယ်လို့ဆိုကာဒေါက်တာခင်ခင်ကြီးကို မှော်ဘီတော်လှန်ရေး အင်အားစုကသတိပေးလိုက်ပါတယ်။
ဒေါက်တာခင်ခင်ကြီးဟာ ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေက ရန်ကုန်မှာ အထိုင်ချပြီး ပုဂ္ဂလိကဆေးရုံတွေရဲ့ ခွဲစိတ်ခန်းတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကိုပါ CDM ဟုတ်မဟုတ် လိုက်လံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒေါက်တာခင်ခင်ကြီးဟာ ဆေးရုံတက်နေတဲ့ လူနာခန်းအထိဝင်ကာ ဘယ်ဆရာဝန်ကုသတဲ့ လူနာလဲလို့မေးကာ ပုဂ္ဂလိကဆေးရုံတွေမှာ CDM ဆရာဝန်တွေ တာဝန်ထမ်းဆောင်နေခြင်းရှိ၊မရှိ စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေအထိ CDM ဆရာဝန်တွေရဲ့ မှတ်ပုံတင်နံပါတ်ပို့ပေးပြီး ဧည့်စာရင်းထဲ ရှိ၊မရှိ စစ်ဆေးစေခြင်းနဲ့ ဘဏ်တွေဆီ CDM ဆရာဝန်တွေရဲ့ မှတ်ပုံတင်နံပါတ်ပို့ပြီး ဘဏ်အကောင့် စစ်ဆေးခိုင်းခြင်းတို့ကို ဒေါက်တာခင်ခင်ကြီးက ပြုလုပ်နေတယ်လို့လည်း မှော်ဘီတော်လှန်ရေး အင်အားစုက ထုတ်ပြန်ထားပါတယ်။
ဒေါက်တာ ခင်ခင်ကြီးအနေနဲ့ သူ့လုပ်ရပ်နဲ့ ထပ်တူခံစားစေရမယ်လို့လည်း ဆိုပါတယ်။
ဆင်းရဲချမ်းသာ၊ လူတန်းစားမခွဲ ကျောသားရင်သားမခွဲ ရန်သူ မိတ်ဆွေမရှိ၊ ဘယ်လိုလူနာကိုမဆို ကယ်တင်ကုသပေးပါမယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ ကျင့်ဝတ်သစ္စာကိုမေ့ကာ
တစ်ကိုယ်တော် ကောင်းစားရေးကို ရှေးရှုလုပ်ဆောင်နေပါက အသက်အိုးအိမ်ကို အာမခံနေမှာ မဟုတ်ဘူးလို့လည်းသတိပေးထားပါတယ်။