၂၀၂၁ ခုနှစ်အတွင်း ဘယ်နိုင်ငံမှ WHO ရဲ့ လေထုအရည်အသွေးစံနှုန်းနဲ့ မကိုက်ညီ

Photo – Reuters

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လေထုအရည်အသွေးစံနှုန်းကို ပြည့်မီအောင် ဆောင်ရွက်နိုင်တဲ့နိုင်ငံ တနိုင်ငံမှ မရှိဘူးလို့ ကမ္ဘာ့မြို့ပေါင်း ၆,၄၇၅ခုကနေ ကောက်ယူထားတဲ့ လေထုညစ်ညမ်းမှုဆိုင်ရာ အစီရင်ခံစာတခုက ဆိုပါတယ်။ 

PM2.5 လို့ သိကြတဲ့ လေထုအတွင်း အန္တရာယ်ရှိတဲ့ အမှုန်ပမာဏဟာ ပျမ်းမျှ ၁ကုဗမီတာမှာ ၂၅ မိုက်ခရိုဂရမ်ထက် မကျော်သင့်ဘူးလို့ WHO က အကြံပြုထားပြီး  အမှုန်ပမာဏနည်းပါးရင်တောင်မှာ ကျန်းမာရေးအန္တရယ်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် စစ်တမ်းကောက်ယူခဲ့တဲ့ မြို့တွေရဲ့ ၃ ဒဿမ ၄ ရာခိုင်နှုန်းသာ စံချိန်စံညွှန်းပြည့်မီတယ်လို့  ဆွစ်ဇာလန် လေထုညစ်ညမ်းမှုနည်းပညာကုမ္ပဏီ IQAir ရဲ့  အချက်အလက်တွေအရ သိရပါတယ်။ 

ဒါ့အပြင် နောက်ထပ်မြို့ပေါင်း ၉၃ မြို့ဟာ လေထုညစ်ညမ်းမှု PM2.5 အဆင့်ကို အကြံပြုထားတဲ့ အဆင့်ထက် ၁၀ ဆ ပိုများနေတာ တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လေထုညစ်ညမ်းမှုအဆင့်ဟာ၂၀၂၁ ခုနှစ်မှာ ပိုမိုဆိုးရွားလာပြီး မြို့တော်နယူးဒေလီဟာ ကမ္ဘာ့လေထုညစ်ညမ်းမှုအရှိဆုံးမြို့တော်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။ လေထုအညစ်ညမ်းဆုံးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်တယ်လို့ အချက်အလက်တွေက ဖော်ပြပါတယ်။