ပဲခူးတိုင်း၊ကဝမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးတချို့ကို အကြမ်းဖက်စစ်တပ်က လက်ပစ်ဗုံးထုတ်ပေးထားတယ်လို့ သိရပါတယ်။
PDF တွေတိုက်ခိုက်လာပါက ပြန်လည်တိုက်ခိုက်နိုင်အောင်ရည်ရွယ်ကာ လက်ပစ်ဗုံးထုတ်ပေးထားခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးတချို့က လက်ပစ်ဗုံးကို ထုတ်ပြနေတယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတချို့က ပြောကြောင်း Kawa Information ကဒီကနေ့ဖော်ပြပါတယ်။
‘သူတို့အုပ်ကြီးတွေကိုယ်တိုင်ထုတ်ပြလို့ သိကြတာ။အုပ်ကြီးတချို့က အနေအထိုင်ကမတတ်၊စစ်ခွေးတွေက သူတို့ကို ဗုံးပေးထားတာ အသေခံခွဲခိုင်းတာလားလောက် နားမလည်ဘဲ ဟုတ်လှပြီထင်နေတယ်’လို့ကဝမြို့ နယ် အုန်းနှဲရွာသားတစ်ဦးကပြောပါတယ်။
အုပ်ချုပ်ရေးမှူးတချို့ဟာ လက်ပစ်ဗုံးရရှိပြီးနောက် ပြည်သူတွေနဲ့ ဆက်ဆံရာမှာ ပိုမောက်မာလာတယ်လို့ လည်း သူကပြောပါတယ်။