၁၉နှစ်အရွယ် လပွတ္တာလူငယ်ကို အကြမ်းဖက်စစ်တပ်နှိပ်စက်ပြီး တိတ်တဆိတ်မီးသဂြိုလ်

PDFတွေကိုထောက်ပံ့တယ်ဆိုပြီး စစ်ကြောရေးမှာ ဖမ်းဆီးရိုက်သတ်ခဲ့တဲ့ လပွတ္တာမြို့ခံ လူငယ်ရဲ့ အလောင်းကို အကြမ်းဖက်စစ်တပ်က တိတ်တဆိတ် မီးသဂြိုလ်ခဲ့ကြောင်း သိရပါတယ်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အမှတ် (၂) ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် စောမျိုးဆက်ကို မတ်လ ၁၅ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က စွပ်စွဲဖမ်းဆီးပြီးနောက် လပွတ္တာမြို့သာသနာ့ဗိမာန်ရှိ စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးခဲ့ရာ မတ်လ ၁၇ ရက်နေ့က သေဆုံးခဲ့ကြောင်းသေဆုံးသူရဲ့ ရုပ်အလောင်းကို ယမန်နေ့က လပွတ္တာမြို့သုသာန်မှာ တိတ်တဆိတ် မီးသဂြိုလ်ခဲ့ကြောင်း ကိုစောမျိုးဆက်ရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
လပွတ္တာမြို့ရဲ့ သာသနာ့ဗိမာန်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောရေးစခန်း ဖွင့်လှစ်ထားပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတယ်လို့ သိရပါတယ်။