CDM စစ်သားနဲ့ ရဲ ပြည်ပနိုင်ငံတွေ သွားလို့ရနိုင်မယ့် နည်းလမ်းကို ထုတ်ပြန်

CDM စစ်သားနဲ့ ရဲတို့ ဩစတြေးလျအပါအဝင် ပြည်ပနိုင်ငံတွေဆီ သွားလို့ရနိုင်မယ့် နည်းလမ်းကို ပြည်သူ့ရင်ခွင့် အဖွဲ့က ထုတ်ပြန်ပေးလိုက်ပါတယ်။
ပြည်ပနိုင်ငံတွေကို သွားချင်သူတွေဟာ ပထမဦးဆုံးအနေနဲ့ ပြည်သူတွေကိုနေ့စဉ် ညှင်းပန်းနေတဲ့ စစ်တပ်နဲ့ ရဲကနေ ထွက်ဖို့လိုပြီး ပြည်သူ့ရင်ခွင်အဖွဲ့မှာ စာရင်းသွင်းကာ လိုအပ်တဲ့ အချက်အလက်တွေ မှန်ကန်စွာပေးပြီး စိစစ်ခံရပါမယ်။အဲဒီနောက် CDM ကုဒ်ကို စောင့်ယူရမယ်လို့သိရပါတယ်။
ပြီးနောက် လွတ်မြောက်နယ်မြေကို ပြည်သူ့ရင်ခွင် အစီအစဉ်နဲ့ သွားရောက်နိုင်ပြီး အဲဒီကနေတစ်ဆင့် နယ်စပ်နိုင်ငံကို ကူးကာရောက်သွားတဲ့ နယ်စပ်နိုင်ငံမှာ UNHCR ထံဆက်သွယ်ရမယ်လို့သိရပါတယ်။ အဲဒီလိုဆက်သွယ်ရာမှာ ကိုယ်ရေးအချက်အလက်အပြည့်အစုံနဲ့ လိုအပ်တဲ့အကူအညီကို ဖော်ပြပြီး အီးမေးလ်ကတစ်ဆင့် ဆက်သွယ်ရမယ်လို့ ပြည်သူ့ရင်ခွင်ကဆိုပါတယ်။
ပြည်ပနိုင်ငံတွေကို သွားဖို့ ကိုယ်တိုင်လျှောက်ထားရမှာဖြစ်ပြီး ပြည်သူ့ရင်ခွင် အနေနဲ့ သတင်းအချက် အလက်တွေ မျှဝေပေးရုံသာတတ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။