ဂျပန်က  ကမ္ဘောဒီးယားကို ကိုဗစ်ကာကွယ်ဆေးထောက်ပံ့ဖို့ ကတိပြု

Photo – Reuters

COVID-19 ကာကွယ်ဆေး ပမာဏ ၁.၃ သန်းကို COVAX ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးခွဲဝေမှု အစီအစဉ်ကနေတဆင့် ကမ္ဘောဒီးယားအတွက် ဒေါ်လာ ၄၂၈ သန်းအကူအညီပေးမယ်လို့ ဂျပန်နိုင်ငံ ကတိပြုလိုက်ပါတယ်။ 

ဂျပန်ဝန်ကြီးချုပ် Fumio Kishida ရဲ့ ဖနွမ်းပင်ခရီးစဉ်အတွင်း  ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့တွေ့ဆုံချိန် မတ်လ ၂၀ရက်နေ့က အခုလို ကတိပြုခဲ့တာဖြစ်ပြီး သဘောတူစာချုပ်အချို့ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံဩာ ချေးငွေ ယန်း ၄၅ ဘီလီယံ (ဒေါ်လာ ၃၇၈ သန်း) အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေဆိကတဆင့် ထောက်ပံ့ငွေ ယန်း ၆ ဘီလီယံ (ဒေါ်လာ သန်း ၅၀) ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ အသံပေါင်းစုံကို ထင်ဟပ်စေတဲ့ နည်းလမ်းတခုဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပတာလိုမျိုး ကမ္ဘောဒီးယားရဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ဂျပန်ဝန်ကြီးချုပ်က ဆိုပါတယ်။

ဟွန်ဆန်က ဂျပန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ကြောင်းနဲ့ သဘောတူညီချက်တွေရဲ့ ရလဒ်မတွေကို ကမ္ဘောဒီးယား လူ့အဖွဲ့အစည်းမှာ ရင်းနှီး မြှုပ်နှံဖို့ ထပ်မံကြိုးပမ်းသွားဖို့ ရည်မှန်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟွန်ဆာဟာ သမ္မတအဖြစ်စတင်တာဝန်းဆောင်တဲ့ ၂၀၁၈ ကတည်းက အတိုက်အခံတွေ ၊  အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်ဖြိုခွင်းခဲ့ပါတယ်။