တရုတ် နိုင်ငံအရှေ့မြောက်ပိုင်းမှ အိုမီခရွန် ကူးစက်မှု အပြည့်အ၀ မြင့်တက်နေချိန် တစ်နှစ်ကျော်အတွင်း ပထမဆုံး ကိုဗစ်ကြောင့် သေဆုံးသူရှိလာခဲ့ပါတယ်။
သေဆုံးသူ နှစ်ဦးစလုံးဟာ Jilin ပြည်နယ်က ဖြစ်တယ်လို့ မတ်လ ၁၉ရက်နေ့မှာ အာဏာပိုင်တွေက အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၄,၆၃၈ဦး ရှိလာပါပြီ။
တရုတ်နိုင်ငံမှာ စနေနေ့က ရောဂါကူးစက်မှုအသစ် ၄,၀၅၁ ခု ရှိခဲ့ပြီး ဒါဟာ သောကြာနေ့က ၄,၃၆၅ ဦးကနေ ကျဆင်းသွာတာလို အမျိုးသားကျန်းမာရေးကော်မရှင်က ပြောပါတယ်။
၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ ကိုရိုနာဗိုင်းရပ် စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံမှာ နယ်စပ်ထိန်းချုပ်မှုတွေ၊ ကာလရှည် သီးခြားကန့်သတ်မှုတွေနဲ့ တင်းတင်းကျပ်ကျပ်လော့ဒေါင်းချထားတာတွေနဲ့ ရောဓါကူးစက်မှုကို ထိန်းချုပ်ခဲ့တာပါ။
ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ တရုတ်နိုင်ငံရဲ့ “zero-COVID” မဟာဗျူဟာအပေါ် အကြီးမားဆုံး စမ်းသပ်မှုကို သက်သေပြလိုက်တာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက သန်းပေါင်းများစွာသော လူတွေဟာ အပြင်မထွက်ကြဖို့ ညွှန်ကြားခံထားရပါတယ်။