ဆောမြို့ဘက်တက်လာတဲ့ အကြမ်းဖက်တပ် စောင့်တိုက်ခံရ၊ ၅ဦးသေ

မကွေးတိုင်း၊ဆောမြို့ဘက် ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ် လမ်းမှာစောင့်ဆိုင်းတိုက်ခိုက်ခံရပြီး ၅ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆောမြို့နယ်၊လောင်းရှည်ရွာကနေ ဆောမြို့ပေါ် ထွက်ခွာလာတဲ့ အကြမ်းဖက်စစ် အင်အား ၅၀ ကျော်ကို ဒီနေ့မနက်၉နာရီလောက်မှာ လောင်းရှည်PDF က လပို့တောင် ၊ဘုရားအနောက်ဘက်ခြမ်း ခင်ကြောမှာ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလောင်းရှည်PDF ကထုတ်ပြန်ပါတယ်။
နှစ်ဖက်တိုက်ပွဲ ထိတွေ့ဖြစ်ပွားချိန် တစ်နာရီလောက် ကြာပြီးလောင်းရှည်PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။
ပြည်သူတွေအနေနဲ့ အခုလို တော်လှန်ရေး အရှိန်ဟုန်မြှင့်ဆောင်ရွက်နေချိန်ကာလ အတွင်း တတ်စွမ်းနိုင်သမျှအားဖြည့်ကူညီကြဖို့ လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမေတ္တာရပ်ခံပါတယ်။