ခင်ဦးမြို့နဲ့ အနီးတဝိုက် ကျေးရွာတွေမှာ ရက်၂၀ နီးပါးအတွင်း မီးဘေးသင့်ပြည်သူ ၂၅၀၀ ကျော်ရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စု မီးရှိုဖျက်စီးမှုကြောင့် အခုလဆန်းကစ ၁၉ ရက်တာအတွင်း မီးဘေးသင့်ပြည်သူ ၂၅၀၀ ကျော်ရှိနေပြီလို့ ခင်ဦး PDF က ပြောပါတယ်။
လက်ရှိမှာ စစ်တိုင်းတိုင်း ဒေသတစ်လျှောက်က ရွာတွေဖြစ်တဲ့ မှန်တော၊ ကျွန်းလည်၊ သက်ပေး၊ တမုတ်၊ ကုလားလူး၊ရှားလွင်၊ ဒါန်းကုန်း အစရှိတဲ့ ကျေးရွာတွေမှာ အိမ်ခြေစုစုပေါင်း ၃၂၇ အိမ် မီးရှို့ခံခဲ့ရပြီး မီးဘေးသင့်ပြည်သူတွေအနေနဲ့ အနီးနားတောတွေမှာ သွားရောက်နေနေကြရတယ်လို့ သူကဆက်ပြောပါတယ်။
PDF တွေတင်မဟုတ်ပဲ ထောက်ခံတဲ့သူတွေကိုပါအကြောက်တရားနဲ့ မထောက်ခံရဲအောင် နည်းမျိုးစုံ သုံးနေတာ မတ်လဆန်းကစတင်ပြီး စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတော်တော်များများမှာ ဖြတ်လေးဖြတ်ပြုလုပ်ထားပြီး စစ်ရှောင်၊ မီးဘေးရှောင် ပြည်သူ ၂၅၀၀ ကျော် ရှိနေပြီလို့ ဆိုပါတယ်။
Photo – Khin U PDF