ငါန်းဇွန်က Mytel တာဝါတိုင်၂တိုင် ဖောက်ခွဲခံရ

မန္တလေးတိုင်းနယ်အတွင်းရှိ Mytel တာဝါတိုင် ၂ တိုင်ကို ဖောက်ခွဲခံရတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၃ နာရီမှာ ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာအနီးရှိ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီး မတ်လ ၁၈ ရက်နေ့ ည ၉ နာရီလောက်မှာ ကုလကျေးရွာအနီးရှိ မိုင်တဲတာဝါတိုင် ဖောက်ခွဲခံရတယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ထနောင်းမြေက ဖော်ပြပါတယ်။အဲဒီဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။