BGF မှ တပ်သားတစ်ဦး KNLA ကို လက်နက်နဲ့အတူ အလင်းဝင်

KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၅) ကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) က တပ်သားတစ်ဦး မနေ့က မတ်လ ၁၈ ရက်နေ့တွင် လက်နက်နဲ့အတူ ဝင်ရောက်လာတယ်လို့ KNU မူတြော်သတင်းစဉ်က ထုတ်ပြန်လိုက်ပါတယ်။
အလင်းဝင်ရောက်လာသူမှာ နယ်ခြားစောင့်တပ် (BGF) တပ်ရင်း ၁၀၁၆ က တပ်သား စောမော်ဝါးဖြစ်ပြီး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။
M-16 AR တစ်လက်၊ ကျည်ကာ (၃) ချပ်နဲ့ ကျဉ်ဆံ (၃၀၀) လုံး အပြည့်ယူဆောင်လာပြီး အလင်းဝင် ရောက်လာတဲ့ စောမော်ဝါးမှာ ဖားအံဇာတိဖြစ်ပြီး ကရင်အချင်းချင်းကို ပြန်လည်တိုက်ခိုက်စေတာ အပြစ်မဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့ အထက် အရာရှိက အမိန့်ပေးစေခိုင်းမှုတွေကို မပြုလုပ်လိုတာတွေကြောင့် အလင်းဝင်ရောက်လာတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source-KNU မူတြော်သတင်းစဉ်