ဒီးမော့ဆို စစ်ရှောင်ပြည်သူတွေ သောက်သုံးရေနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်စပ် ဒီးမော့ဆိုမြို့နယ်နဲ့ အနီးနားဒေသတွေက စစ်ရှောင်ပြည်သူတွေအတွက် သောက်သုံးရေ ရိက္ခာနဲ့ဆေးဝါးတွေ အဓိက လိုအပ်နေတယ်လို့ ပြည့်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အခုဆို စစ်ရှောင်ပြည်သူ သိန်းကျော်ရှိနေပြီဖြစ်ပြီး နေရာအနှံနီးပါး တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေ အနေနဲ့ နေရာအမြဲပြောင်းနေရတဲ့အပြင် လိုအပ်ချက်တွေ အများကြီး ရှိနေပြီး အခက်အခဲတွေ ကြုံနေရတယ်လို့ သူကဆက်ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်အထိ အကြမ်းဖက် စစ်အုပ်စုက လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေနဲ ထိုးစစ်ဆင်ခဲ့ပြီး မနေ့က မတ်လ ၁၆ ရက်နေ့ထိကို လက်နက်ကြီးများနဲ့ အနီးအနားရှိ ကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။