စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် တမုတ်ကျေးရွားနဲ့ မကျီးတုံကျေးရွာတို့ကို မတ်လ ၁၆ ရက်နေ့က ပျူဒလံတွေနဲ့ အကြမ်းဖက်စစ်အုပ်စု ပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ကာ နှစ်ရွာလုံးကို ခိုးယူလုယက် မီးရှို့ခဲ့တယ်လို့ ခင်ဦး PDF က ဆိုပါတယ်။
“ရွာဘက်ကို လက်နက်ကြီး အချက် ၂၀ ကျော် ထုတယ်။ တစ်ရွာလုံး အဝတ်တစ်ထည်ကိုတစ်ခုနဲ့ ပြေးကြရတာ။ ဒီမနက်ပြန်သွားပြီကြားတော့ ရွာပြန်ကြည့်တာ ဘာတစ်ခုမှမကျန်အောင် မီးရှို့သွားကြတာ။ ပျူဒလံအိမ် ၅ အိမ်ပဲ ကျန်ခဲ့တယ်။ အကုန်ပြာပုံပဲ ကျန်တော့တယ်” ကား ၁ စီး ဆိုင်ကယ် ၇ စီး ရေတင်စက် ၈ လုံး ဓာတ်ဆီအင်ဂျင် ၃ လုံး နွား ၃ ကောင် ဆိတ် ၅ ကောင် ဝက် ၁ ကောင် အပ်ချုပ်စက် ၂ လုံး ချုပ်စက် ၁ လုံးနဲ့အတူ ဆန်တွေပါ မီးရှို့ထားခဲ့ကြတယ်လို့ ဆိုပါတယ်။
ရွာက ၁၂ ဘီးကားကြီးပေါ်ကို မီးမရှို့ခင် အိမ်တွေထဲက ခိုးလုယက်ထားတဲ့ ဆီပုံးတွေနဲ့ အခြားစက်ပစ္စည်နဲ့ သူတို့လိုချင်တဲ့ ဆိုင်ကယ်နဲ့ပစ္စည်းတွေကို ကားနဲ့အပြည့် ခိုးယူသွားကြပြီးမှ မလိုချင်လို့ကျန်တာကို မီးရှို့ထားခဲ့ကြတာပါ။
Credit- ခင်ဦး PDF