မော်လိုက် ပျူစခန်းကို စီးနင်း၊ အကြမ်းဖက်စစ်ဗိုလ်တစ်ဦး အပါအဝင် ၄ ဦးသေ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်း ပျူစောထီးသင်တန်းစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ အကြမ်းဖက် စစ်ဗိုလ်တစ်ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
မတ်လ ၁၄ ရက်နေ့ မနက် ၄ နာရီခွဲလောက်က PDF ပူးပေါင်းတပ်ဖွဲ့ဟာ မော်လိုက်မြို့နယ် ထော်သာရွာမှာ အကြမ်းဖက်စစ်တပ်က ဖွင့်လှစ်ထားတဲ့ ပျူစောထီးသင်တန်းကို အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့ရာ အကြမ်းဖက် စစ်ဗိုလ်တစ်ဦးနဲ့ ပျူစောထီ ၃ ဦးကို အသေရမိခဲ့ပြီး ကာဘိုင်သေနတ် ၅ လက်၊ ကာဘိုင်ကျည် ၈၅၀ နဲ့ ၅.၅၆ ကျည် ၃၉၀ ၊A3 ဗုံးသီး ၂ လုံးနဲ့ဖုန်း ၆ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကာ ပျူစောထီးခေါင်းဆောင်အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကလေးဝ PDF က ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲကို ကလေးဝ PDF ၊ မော်လိုက် PDF နဲ့မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်တိုက်ခတ်ခဲ့ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံး လုံးဝ မရှိဘူးလို့လည်း ဆိုပါတယ်။