ဝမ်းတွင်းမြို့မှာ ရဲတပ်ဖွဲ့က ပြည်သူတွေကို ရိုက်နှက်နှိပ်စက်နေ

Photo-Google
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက လောင်းကစားဝိုင်းတွေကို တရားဝင် ပုံစံခွင့်ပြုပေးနေပြီး ပြည်သူတွေကိုလည်း ရိုက်နှက်နှိပ်စက်ကာ ငွေတောင်းခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်။
“လောင်းကစားဝိုင်းတွေက နေ့တိုင်းလိုလို မြို့ပြင်မှာရှိတယ်၊ ကြက်ဝိုင်းတွေ လေးကောင်ဂျင်ဝိုင်းတွေ ဖဲဝိုင်းတွေ တစ်ဝိုင်းကို ၇သိန်းဆီ တောင်းပြီးတော့ တရားဝင်ပုံစံကို ချနေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ပင်းတလဲစခန်းမှူးနဲ့ နယ်ထိန်းကျော်ရဲ ကျော်မင်းဦး၊ ဒုတပ်ကြပ်သန်းဇော်နဲ့ ရဲတပ်ဖွဲ့တွေဟာ ပြည်သူတွေကို မတရားဖမ်းဆီးပြီး ငွေကြောင်းတောင်းခံကာ ပြန်လည်လွှတ်ပေးနေတယ်လို့ သိရပါတယ်။
“နယ်ထိန်းကျော်မင်းဦးက မနေ့က(မတ်လ ၁၂)ရက်နေ့က ပြည်သူတစ်ယောက်ကို ရှိုးဝါးဖိနပ်စီးလာလို့ဆိုပြီး ပါးရိုက်တယ်၊ သူတို့တစ်ဖွဲ့လုံးက လူငယ်တွေ လက်ဖက်ရည်ဆိုင်ထိုင်နေတာတောင်မှ မင်္သကာဆိုပြီး ဖမ်းပြီးတော့ ပိုက်ဆံတောင်းပြီး ပြန်လွှတ်တာမျိုးနဲ့ ရှာစားနေတာ”လို့ ဒေသခံတစ်ဦးက DNAကို ပြောပါတယ်။