ကန်ပက်လက်က အကျင့်ပျက်ဝန်ထမ်းကို အရေးယူမယ်

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်က အကျင့်ပျက်ဝန်ထမ်းတစ်ဦးကို အရေးယူသွားမယ်လို့ သိရပါတယ်။
ကန်ပက်လက်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးဒုဦးစီးမှူး ဒေါ်ဥမ္မာအောင် (ဘ)ဦးတင်အောင် ဟာစစ်အုပ်စုနဲ့ပူးပေါင်းပြီး ရုံးလုပ်ငန်းတွေကိုစာရင်းလိမ်လည်တာ ၊ CDMဝန်ထမ်းတွေနဲ့ Non CDM ဝန်ထမ်းတွေရဲ့ လစာငွေအပါအဝင် ရပိုင်ခွင့်တွေကို ကိုယ်ကျိုးအတွက်အလွဲသုံးစားပြုလုပ်တာကို စိစစ်တွေ့ရှိရတယ်လို့ ကန်ပက်လက် မြို့ ပြည်သူ့အုပ်ချုပ်ရေး ကထုတ်ပြန်ပါတယ်။
ဒါ့ကြောင့် ဒေါ်ဥမ္မာအောင်ကို ပအဖ ကန်ပက်လက်၊ ပလဖ ကန်ပက်လက် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-Kanpetlet တို့က ကန်ပက်လက်မြို့နယ် ကြားကာလမြို့နယ်အစီအမံနဲ့အညီ ဥပဒေအရအရေး ယူသွားမယ်လို့ ကန်ပက်လက် မြို့ ပြည်သူ့အုပ်ချုပ်ရေး ကဆိုပါတယ်။