၂၄နာရီလုံး အများပြည်သူမီးလင်းပါစေ ၂၀၀၁/၂၀၀၂ ပြန်မသွား” စာတန်းကိုင်စွဲ ချီတက်ခဲ့တဲ့ ရန်ကုန်လူထုသပိတ်

Photo- ရန်ကုန်လူထုသပိတ်
မနေ့ညက ရန်ကုန်မြို့လယ်တနေရာမှာ ရန်ကုန်လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။
ကိုယ်ကိုယ်ကိုယ် မီးရှိ့ဆန္ဒပြခဲ့တဲ့ ကျောက်ပန်းတောင်းမြို့က ကိုအောင်အောင် ရေးသားခဲ့တဲ့ “၂၄နာရီလုံး အများပြည်သူမီးလင်းပါစေ ၂၀၀၁/၂၀၀၂ ပြန်မသွား” ဆိုတဲ့ စာတန်းနဲ့ မီးတုတ်တွေ ကိုင်ဆောင်ပြီး ချီတက်ခဲ့ကြတာပါ။
ရန်ကုန်လူထုသပိတ်ဟာ မတ်လ ၁၂ ရက်ညကစြီး “Candle Strike” အဖြစ် ဖယောင်းတိုင်တွေ နေအိမ်ရှေ့လမ်းမတွေပေါ်ထွန်းထားကြဖို့နှင့် မီးပျက်တိုင်း စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဆဲဆိုကြဖို့ စသတဲ့ Campaign များကို ပြည်သူတစ်ရပ်လုံး တက်ညီလက်ညီပါဝင် တော်လှန်ရန် နှိုးဆော်ခဲ့ကြပါတယ်။