မြောက်ဒဂုံ မြို့နယ်အတွင်း ၅ ရက်နီးပါး ရေပြတ်သွားခဲ့

Photo-Dagon information
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးမရတဲ့ ပြဿနာကြောင့်ရေပျက်လပ် နေပေမယ့် မြောက်ဒဂုံနဲ့ အရှေ့ဒဂုံတွေမှာ ပြီးခဲ့တဲ့ ၅ ရက်လုံး ရေပျက်လပ်ကုန်တာကြောင့် နေထိုင်သူ တွေအခက်တွေ့ခဲ့ကြတယ်လို့ နေထိုင်သူတစ်ဦးက ဆိုပါတယ်။
ဒီနေ့တော့ ရေပြန်လာပါပြီ မီးကတော့ ဒီနေ့တနေ့တည်းကို အခေါက် ၂၀‌ လောက် ပျက်နေတယ်။ ဘယ်တော့ ရေထပ်ပျက်အုံးမလဲ မသိဘူး အဓိကတော့ မီးပျက်တာကြောင့်ရေတင်မရတာတွေပဲလို့ သူကဆက်ပြောပါတယ်။
နေ့စဉ် လျှပ်စစ်မီးမရတဲ့ ပြဿနာတွေကြောင့် ရေဘေးသင့်နေတဲ့ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် မဟာမြိုင်အိမ်ယာကို ရှင်သန်ရေး ကူညီမှုအသင်းက မတ်လ ၉ ရက်နေ့မှာ ရေသွားရောက်လှူဒါန်းခဲ့ပါတယ်။