အကြမ်းဖက်စစ်အုပ်စု လိုက်ပါလာတဲ့ ရထားတွဲ မိုင်းထိ

မန္တလေးတိုင်း ပြင်ဦးလွင်ဘူတာနဲ့ အနီးစခန်းဘူတာအကြားမှာ စစ်အုပ်စုတွေ အစောင့်လိုက်ပါလာတဲ့ ရထားတွဲတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ စစ်အုပ်စုတွေလိုက်ပါလာတဲ့ လူစီးတွဲ ၃ တွဲပါဝင်တဲ့ ရထားတွဲကို ပြင်ဦးလွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရထားတွဲထိခိုက်မှုရှိမရှိနဲ့ လူထိခိုက်မှုရှိမရှိကိုတော့ သီးခြား သတင်းအတည်မပြုနိုင်သေးပါဘူး။