စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

ဓာတ်ပုံ- KNDF B-O9
အကြမ်းဖက်စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNDF B-O9 က တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ကျဆုံးခဲ့ရတယ်လို့ KNDF B-O9 က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၁၁ ရက်နေ့ မနက် ၄ နာရီလောက်မှာ တစ်ကြိမ် မနက် ၇ နာရီမှာ တစ်ကြိမ် အကြမ်းဖက်စစ်အုပ်စုက ကယားပြည်နယ် (ကရင်နီ) အတွင်း လေယာဉ်တွေနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာကိုတော့ KNDF B-O9 က လုံခြုံရေးအရ ဖော်ပြထားတာ မရှိခဲ့ပါဘူး။
ကရင်နီပြည်အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်အုပ်စုက သာလွန်လက်နက်အင်အားနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကိုပါ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ဘေးရှောင်စခန်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေခဲ့ပါတယ်။