ဝေါမြို့မှာ ဒုရဲအုပ်တစ်ဦး အပစ်ခံရ

ပဲခူးတိုင်း မှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ဒုရဲအုပ်တစ်ဦး သေနတ်နဲ့ အနီးကပ်အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မတ်လ၉ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်မှာ ဝေါမြို့ မြို့တော်ခန်းမရှေ့ ထမင်းကြော်ဆိုင်တစ်ခုအနီးမှာ ဝေါ PDF က သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
“ပြည်သူတွေကို စစ်အာဏာရှင်တွေနဲ့ပူးပေါင်းပြီး ဖမ်းဆီးနှိပ်စက်တာ၊ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေး၊ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတဲ့ ရဲစခန်းအနီး၊ ထမင်းကြော်ဆိုင်ရှေ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဒုရဲအုပ်တစ်ယောက် သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး၊ ဒလန်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိ ခဲ့ပါတယ်” လို့ ဝေါ PDF က ဆိုပါတယ်။
ပစ်ခတ်မှု ဖြစ်စဉ်အတွင်းမှာ ဒုရဲအုပ်နဲ့အတူ လိုက်ပါလာတဲ့ စစ်အုပ်စု သတင်းပေးတစ်ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုအပြီးမှာ အကြမ်းဖက်စစ်အုပ်စုက မြို့အတွင်း ပိတ်ဆို့ရှာဖွေမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။