စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က မြို့ရှောင်လမ်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ကင်းလှည့်ကားတစ်စီး အင်အားပြင်း ထန်တဲ့ မိုင်းထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ည ၉ နာရီ ၅၅ မိနစ်လောက်က နတ်တောင်နဂါး အဖွဲ့၊ GHOST RIDER Special Task Force (MDY) နဲ့ Black Wolf-PDF တို့ပူးပေါင်းပြီး ကြိုတင်သတင်းရရှိထားချက်အရ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
‘ညကပေါက်ကွဲတာ တော်တော်ကို အသံပြင်းတယ်။ ရေဦးအထိ အသံကြားရတယ်လို့ ပြောကြတယ်’ လို့ ရွှေဘိုမြို့နေနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။
ကင်းလှည့်ယာဉ်ဟာ မိုင်းထိမှန်ပြီး ကားထိုးရပ်သွားတာကိုမြင်ရပေမဲ့ ညအချိန်ဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို မသိရဘူးလို့ ထုတ်ပြန်ထားပါတယ်။