စစ်အာဏာသိမ်းပြီးတဲ့ တစ်နှစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ် ၆၅၀၀ ကျော်ရှိကြောင်း Data for Myanmar က ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်မတ်လ ၇ ရက်အတွင်း မီးရှို့လို့ပျက်စီးသွားတဲ့ လူနေအိမ် ခန့်မှန်းခြေ ၆၇၁၉ လုံးရှိပြီး မီးရှို့ခံရမှုဟာ နေရာပေါင်း ၁၈၆ နေရာမှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဟာ မီးရှို့ခံရမှုအများဆုံးဖြစ်ပြီး အိမ် ၃၉၆၈ လုံးရှိပါတယ်။ ဒုတိယ အများဆုံးက မကွေးတိုင်း ဖြစ်ပြီး ၁၁၃၃ လုံး၊ ချင်းပြည်နယ်က တတိယ အများဆုံးဖြစ်ပြီး ၁၁၂၁ လုံးနဲ့ ကယားပြည်နယ်က ၃၁၇ လုံးနဲ့ စတုတ္ထအများဆုံး ဖြစ်ပါတယ်။
လအလိုက်မီးရှို့ခံရမှုမှာ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလဟာ မီးရှို့ခံရတဲ့အိမ်၂၈၈၂ လုံးနဲ့ အများဆုံးဖြစ်ပြီး၂၀၂၂ ခုနှစ် ဇန်နဝါရီလဟာ ၁၀၅၉ လုံးနဲ့ ဒုတိယ၊ ၂၀၂၁ ခုနှစ်ဒီဇင်ဘာဟာ ၉၆၁ လုံးနဲ့ တတိယ အများဆုံး မီးရှို့ခံခဲ့ရပါတယ်။
မပြည့်စုံတဲ့ အချက်အလက်တွေကို ချန်ထားခဲ့ရလို့ မြေပြင်အရေအတွက်က ပိုများနိုင်တယ်လို့ Data for Myanmar ကပြောပါတယ်။