မူဆယ်မှာ စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်တွေ အပစ်ခံရပြီး ၂ဦးသေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မြောက်ရပ်ကွက် တောရပ်ကုန်းအဆင်းနားမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို အမည်မသိလက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ၂ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေက ဖော်ပြထားပါတယ်။
ဒီကနေ့ မတ်လ ၈ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့ မြောက်ရပ်ကွက်ရှိ ပြည်သူ့စစ်အဖွဲ့ရဲ့ နာရေးအိမ်တစ်ခုမှာ လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ပြစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ မူဆယ်မြို့မှာ ပစ်ခတ်မှု၊ လုယက်မှုတွေနဲ့ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။