ကယားပြည်နယ်(ကရင်နီ) ဖရူဆိုမြို့ အခြေစိုက် စစ်အုပ်စုရဲ့ တပ်ရင်း၂ခုကို KNDF/B-15က ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက အရာရှိတစ်ဦးနဲ့ တပ်သားတစ်ဦး သေဆုံးသွားတယ်လို့ KNDF/B-15က ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၆ရက်နေ့မှာ စစ်အုပ်စုရဲ့ လေ့ကျင့်ရေး ၁၄တပ်ကို KNDF/B-15က ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ စစ်အုပ်စုက တပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ မတ်လ ၈ရက်နေ့မှာလည်း စစ်အုပ်စုရဲ့ ခမရ ၅၃၁တပ်စခန်းကို ပြောက်ကျားစနစ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ စစ်အုပ်စုက အရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ KNDF/B-15က ပြောပါတယ်။
ကရင်နီပြည်အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အုပ်စုက ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။