ရန်ကုန်မြို့လယ်​ခေါင်မှာ “တော်လှန်သွေးတွေ ပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ“ သပိတ် ချီတက်

Photo – YRF
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရန်ကုန်မြို့ကအမျိုးသမီးလူငယ်တွေက “တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ” ၊ “ဘက်လိုက်မှုတွေချက်ချင်းရပ် အာဏာရှင်စနစ် အမြစ်ဖြတ်” ဆိုတဲ့ စာသားတွေကိုင်ဆောင်ပြီး ရန်ကုန်မြို့တစ်နေရာမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေဟာလည်း စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုတွေမှာ ကဏ္ဍပေါင်းစုံမှပါဝင်နေကြပါတယ်။ အဆိုပါပျောက်ကြားသပိတ်စစ်ကြောင်းကို Yangon Revolution Force – YRF (Soft Strike Community)၊ Rangoon Empire – RGE နဲ့ အခြေခံကျောင်းသားရေးရာအဖွဲ့ခွဲ အင်အားစု လူငယ်တွေ ချီတက် သပိတ်မှောက်ခဲ့ကြတာပါ။