မတ္တရာမြို့အထွက်မှာရှိတဲ့ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ် မိုင်းဆွဲခံရ

မန္တလေးတိုင်း မန္တလေး-မိုးကုတ် ကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသူများပြားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၇ ရက်နေ့ မနက် ၉ နာရီခန့်မှာ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်နိုင်ဖို့အတွက် ရက်များစွာ ကြိုတင်ပြင်ဆင်ခဲ့တာကြောင့် စစ်အုပ်စုက အထိအခိုက်များနိုင်တယ်လို့ မတ္တရာ ပကဖက ဆိုပါတယ်။ပေါက်ကွဲမှုကြောင့် စစ်အုပ်စုရဲ့ ထိခိုက်သေဆုံးမှုကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။