မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၈လမ်း၊ ၇၆လမ်းနဲ့ ၇၇လမ်းမှာရှိတဲ့ ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီကနေ့ မတ်လ ၆ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနဲ့အဆောက်ဦး ထိခိုက်မှုရှိမရှိကိုတော့ သီးခြားသတင်းအတည်မပြုနိုင်သေးပါဘူး။
“ဗုံးပေါက်တာလို့တော့ပြောတယ်၊ အဲ့နားတဝိုက် အကုန်ပိတ်ဆို့ပြီး စစ်နေတယ်၊ လူထိသွားလား မထိလားမသိရဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မန္တလေးမြို့မှာ ပေါက်ကွဲမှုတွေ နေ့စဉ်ဆိုသလို ဆက်တိုက်ဖြစ်ပေါ်နေပြီး အကြမ်းဖက်စစ်အုပ်စုကလည်း ပိတ်ဆို့ ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။