သွေးချောင်းစီး လူ့စည်း ဘီလူးစည်း

 

စစ်အေးခေတ်နောက်ပိုင်း ဥရောပတိုက်ရဲ့အပြင်းထန်ဆုံးစစ်ပွဲလို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။ ဖေဖေါ်ဝါရီ၂၄ရက်နေ့ကစလို့ ရုရှားသမ္မတပူတင်ဟာ သူ့ဘာသာထင်သလိုဖွင့်ဆိုထားတဲ့သမိုင်းကြောင်းတွေ၊ လုံခြုံရေးအကြောင်းပြချက်တွေနဲ့ အတိတ်ခေတ်ရွှေထီးဆောင်းခဲ့တဲ့ အင်ပါယာအိပ်မက်ကို  အစွယ် ငေါငေါ ထွက်နေတဲ့သူ့အတ္တနဲ့ ပြန်လည်တူးဖော် ဖို့ကြိုးစားလိုက်ခြင်းဖြစ်ပါတယ်။

ယူကရိန်းဆိုတာ တစ်ချိန် ရုရှားတို့အင်အားကြီးထွားခဲ့စဉ်အခါက သူတို့စိတ်ဆန္ဒမပါဘဲ ဆိုဗီယက်အင် ပါယာထဲ ဆွဲသွင်းခြင်းခံရတဲ့ နိုင်ငံငယ်တစ်ခုဖြစ်ပါတယ်။ပြောရရင် ရုရှားနဲ့ယူကရိန်းကြားသမိုင်းတစ်လျှောက် ဆက်စပ်မှုတွေရှိခဲ့တယ်ဆိုပေမဲ့ အဲဒီကာလကတည်းက ရုရှားကျင့်သုံးခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုတောရိုင်းဥ ပဒေအောက်မှာယူကရိန်းအပါအဝင်နိုင်ငံငယ်လေးတွေ ကိုလိုနီပြုကျင့်ခံခဲ့ရတာပါ။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် မှာ ဆိုဗီယက်ပြည်ထောင်စု သမ္မတအဖြစ်က မီခေးလ် ဂေါ်ဘာ ချော့ဗ် နုတ်ထွက်လိုက်ပါတယ်။ နောက်တစ်ရက်၊ ဒီဇင်ဘာလ ၂၆ ရက်မှာတော့ လွှတ်တော် ကနေဆိုဗီယက် ပြည် ထောင်စုဝင် နိုင်ငံ ၁၅ နိုင်ငံကို လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်တဲ့အခါ ဆိုဗီ ယက်ပြည်ထောင်စုရဲ့ တည်ရှိမှုက ချုပ်ငြိမ်းသွား ပါတော့တယ်။ ၁၉၉၁ ခုနှစ် ဆန္ဒခံယူပွဲလုပ်တော့ ယူကရိန်း ပြည်သူရာခိုင်နှုန်း၉၀ကျော်က လွတ်လပ်ရေး ရယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံတော်ဖြစ်ပေါ်ခဲ့တာ ပါ။

အဲဒီလိုအချုပ်အခြာအာဏာပိုင်ယူကရိန်းနိုင်ငံကို ပူတင်က ခိုင်လုံမှုမရှိတဲ့အကြောင်းပြချက်အတိုအ ထွာတွေနဲ့ ကျူးကျော်ခဲ့တာ အခုဆို ၁၀ရက်မြောက်ပြီဖြစ်ပါတယ်။အားလုံးမြင်နေရတဲ့အတိုင်း နျူကလီးယား လက်နက်တွေထုတ်မသုံးတာကလွဲရင် အင်အားကုန်ပုံသုံးလို့ ကျူးကျော်စစ်ပွဲဆင်နွှဲနေတာပါ။အခုမီဒီယာတွေ ရဲ့ဖော်ပြချက်အရ ယူကရိန်းမြို့တော် ကိယက်ဗ်မြို့နားရောက်နေတဲ့ မိုင်၄၀ရှည်တဲ့ ရုရှားစစ်ယာဉ်တန်းက ပူတင်ရဲ့ စစ်ရေးရည်မှန်းချက်ဘယ်လောက်ထိကြီးကြောင်းပေါ်လွင်နေပါတယ်။ပူတင်ကယူကရိန်းစစ် ဆင် ရေးဆက်လုပ်သွားမယ်လို့ ပြင်သစ်သမ္မတကိုပြောကြားခဲ့သလို အဲဒီစစ်ဆင်ရေးထဲမှာ ရုရှားကို နောင် ဘယ် တော့မှခြိမ်းခြောက်အန္တရာယ်ပေးတာမျိုးမလုပ်နိုင်အောင် ယူကရိန်းကိုလက်နက်ဖျက်သိမ်းပစ်ဖို့ပါ ပါ တယ်လို့ လည်း ဆိုပါတယ်။

ပူတင်ရဲ့ဆင်ခြေ ယူကရိန်းလို နိုင်ငံငယ်လေးက ရုရှားကိုစစ်ရေးအရ ဘယ်လိုခြိမ်းခြောက် အ န္တရာယ်ပေးခဲ့သလဲဆိုတာ ဘယ်လိုမှစဉ်းစားလို့မရအောင်ပါပဲ။ထောက်ပြစရာ ယူကရိန်းကနေတိုးအဖွဲ့ထဲဝင်ဖို့ လုပ်နေတယ်ဆိုတာလည်း လောလော ဆယ် ဘာမှအခိုင်အမာဖြစ်နေပြီဆိုတာမျိုး မရှိသေးပါဘူး။

တကယ်တော့ ပူတင်ကသာ သူ့အလိုမလိုက်သူ့ဘက်မပါတဲ့ နိုင်ငံငယ်လေးတစ်ခုကို လက်နက်အား ကိုးဝင်ရောက်ကျူးကျော်ပြီး တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်လိုက်တာပါ။ပြီးတော့ အနောက်အုပ်စုရဲ့ ပြင်းထန် တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ စတင်ချိန် နျူကလီးယားတပ်တွေအသင့်ပြင်ထားကြဖို့ အမိန့်ပေးလိုက်တာဟာ အချိန်မရွေးကမ္ဘာဖျက်နျူးကလီးယားလက်နက်ကို အသုံးပြုနိုင်ကြောင်း ကမ္ဘာကြီးကိုပါခြိမ်းခြောက်လိုက်တာ ပါ ပဲ။ဒါကိုထပ်လေးနက်ရရင် ပူတင်ဟာ သူ့အင်ပါယာအိပ်မက်အတွက်ကမ္ဘာကြီးကိုပါ ဖျက်ဆီးပစ်ဖို့ ဝန်မ လေး ဘူးလို့ ပြောနေသလိုပါပဲ။

အခုဆိုရင် ကြီးနိုင်ငယ်ညှင်း တောရိုင်းဥပဒေကို ဗြောင်ကျင့်သုံးပြနေတဲ့ပူတင်ရဲ့လုပ်ရပ်ကို ဘယ်သူ ကမှ မတားဆီးနိုင်သေးပါဘူး။ယူကရိန်းမြို့တော်ကြီးတွေဟာ ကျူးကျော်သူတွေရဲ့ လက်ချက်နဲ့ သွေးအလိမ်း လိမ်းတောက်နေပါတယ်။လက်နက်နဲ့တပ်ဖွဲ့ဝင်အင်အား ဘယ်လိုမှ ယှဉ်နိုင်စွမ်းမရှိတဲ့ ရုရှားရဲ့သာလွန်အင် အားအရ သိပ်မကြာလှတဲ့အချိန်တစ်ခုမှ ရုရှားတပ်တွေဟာ ယူကရိန်းတစ်ခုလုံးကို သိမ်းလိုက်နိုင်ခြေရှိပေမဲ့ ရုရှားတပ်တွေ ယူကရိန်းကနေ မထွက်မချင်း ယူကရိန်းပြည်သူတွေ ရဲ့ခုခံတော်လှန်စစ်ဟာ ဆက်ရှိနေနိုင်ပါ တယ်။ လက်ရှိမှာလည်း ယူကရိန်းနိုင်ငံသားတွေဟာ အပြင်းထန်ဆုံး ပြန်လည်ခုခံခြင်းနဲ့ ပူတင်မျှော်လင့်ထား သလို မြန်မြန်ဆန်ဆန်ပွဲမပြီးသွားအောင် တောင့်ခံနေပါတယ်။တခြား နိုင်ငံရောက်နေတဲ့ ယူကရိန်းနိုင်ငံသား တွေဟာရုရှားကျူးကျော်စစ်ကိုတွန်းလှန်ဖို့ ယူကရိန်းကိုပြန်ရောက်လာ ကြပါတယ်။ဒါ့အပြင်ကျူးကျော်စစ်ကို လက် မခံရုံတင်မက ကိုယ်ထိလက်ရောက်ဆန့်ကျင်လိုတဲ့ တခြားနိုင်ငံသား ကျူးကျော်စစ်ဆန့်ကျင်သူတွေ ဟာလည်း ခုခံစစ်ဆင်နွှဲဖို့ စာရင်းပေးသွင်းနေကြပါတယ်။ထောင်နဲ့ချီတဲ့ ထိုင်း နိုင်ငံ သားဒီမိုကရေစီရေးတက် ကြွလှုပ်ရှားသူတွေဟာ ယူကရိန်းဘက်ကနေဝင်တိုက်ဖို့ ထိုင်းနိုင်ငံကယူကရိန်း သံရုံး မှာ စာရင်းပေးသွင်းနေ တယ်လို့ မတ်လ၄ရက်နေ့ VOA သတင်းကဖော်ပြပါတယ်။

ပြောရရင် ယူကရိန်းကို ခပ်ပြင်းပြင်းတိုက်ခိုက်ပြလိုက်ရုံနဲ့ အညံ့ခံပွဲပြတ်သွားမယ့်အစား ယူကရိန်း ပြည်သူတွေပါ သေနတ်ဆွဲကိုင်နေကြရုံမက နိုင်ငံတကာပြည်သူတွေကပါ ခုခံစစ်ဆင်နွှဲဖို့စိုင်းပြင်းလိုက်တာ ဟာ ပူတင်မမျှော်လင့်ထားဘဲ ပူတင်ခေါင်းကို တောက်လောင်စေတဲ့ မီးတစ်စပါပဲ။

အခုဆိုရင် ပူတင်ရဲ့ နိုင်ငံရေးပုံရိပ်ဟာ ကမ္ဘာသားတို့ရဲ့ တံတွေးခွက်ထဲ ပက်လက်မျောနေတဲ့အထိ သုညဒီဂရီအောက်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ပြောရရင် ပူတင်ဟာ လူတစ်ယောက်အဖြစ်နဲ့တောင်မရှိသင့် တဲ့ အန္တရာယ်ဆိုးကြီးအဖြစ် ရှုမြင်နေကြပါပြီ။

မကြာသေးခင်က ပြီးစီးခဲ့တဲ့ ကုလညီလာခံမှာ ရုရှားက ယူကရိန်းကိုကျူးကျော် တိုက်ခိုက်တဲ့ အပေါ်ပြတ်ပြတ်သားသားရှုတ်ချကြောင်းနဲ့ ရုရှားတပ်တွေချက်ချင်း အပြည့်အဝပြန်လည်ရုပ်သိမ်းဖို့အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ ရုရှားဘက်ရပ်ခံတာဆိုလို့ သူ့ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဘီလာရုစ်၊မြောက်ကိုးရီးယား၊ ဆီးရီးယားနဲ့အီရီတြီယား၄နိုင်ငံသာရှိပါတယ်။ကုလအဖွဲ့ဝင်နိုင်ငံပေါင်း၁၈၁နိုင်ငံမှာ၁၄၁နိုင်ငံက ထောက်ခံပြီး ၃၅နိုင်ငံကမဲမပေးခဲ့ပါဘူး။

ပြီးတော့ မတ်လ၁ရက်နေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက မိန့် ခွန်းပြောကြားတဲ့ဗီဒီယိုဖိုင်စဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် ကိုယ်စားလှယ်၃၀ကျော်အစည်းအဝေးကနေထွက် ခွာသွားတာနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။

ပြောရရင် အဲဒီဖြစ်ရပ်၂ခုဟာ ကျူးကျော်စစ်ကို မတားဆီးနိုင်ခဲ့ပေမဲ့ ရုရှားလိုနိုင်ငံကြီးတစ်နိုင်ငံအ တွက် နိုင်ငံတကာအလယ်မှာ သမိုင်းဝင်အရှက်ကြီးရှက်ခဲ့ရပါတယ်။ပူတင်မက်နေတဲ့ အင်ပါယာအိပ်မက်ကို နိုင်ငံတကာက ဆေးဖော်ကြောဖက်တောင်အလုပ်မခံရတဲ့အဖြစ်နဲ့ရင်ဆိုင်နေရပြီဖြစ်ကြောင်းသက်သေပြနေပါ တယ်။

နောက်ထပ်ပူတင်ကိုမီးတောက်စေတာကတော့ အမေရိကန်နဲ့အနောက်အုပ်စုရဲ့ ညီညွတ်တဲ့ ဒဏ် ခတ်ပိတ်ဆို့မှုပါပဲ။အင်မတန်ပြင်းထန်လှတဲ့ စီးပွားရေးပိတ်ဆို့မှုကြီးလို့ဆိုကြပါတယ်။ပူတင်အနေနဲ့ အခုလို ကျူးကျော်ရင် ဒီလိုပိတ်ဆို့မှုတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာ တွက်ချက်ပြင်ဆင်ထားသလား၊အခုလိုနိုင်ငံတ ကာရဲ့ စုစည်းပြင်းထန်တဲ့ ထိုးနှက်ချက်မျိုး ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးလားဆိုတာ မသဲကွဲသေး ပေမဲ့ ရုရှားငွေတန်ဖိုး ဇောက်ထိုးဆင်းနေပါပြီ။ရုရှားနိုင်ငံရဲ့ ATM ငွေထုတ်စက်တွေရှေ့တန်းစီစောင့်နေတဲ့ရု ရှားပြည်သူတွေကိုမြင်တွေ့နေရပါပြီ။ဒေါ်လာငွေကြေးကိုထိကိုင်ခွင့်မရတော့တဲ့ ရုရှားစီးပွားရေးကို ပူတင်က ဘယ်လိုရှေ့ဆက်ချီ တောင့်ခံသွားမလဲဆိုတာစောင့်ကြည့်ရပါမယ်။ပြီးတော့ နိုင်ငံတကာရဲ့အပယ်ခံအဖြစ်ဆိုး ဘဝနဲ့ စီးပွားရေးသက်ရောက်မှုတွေဟာ ပူတင်ရဲ့အဆင်ခြင်ကင်းမဲ့မှုကြောင့်ဖြစ်ရတာလို့ ရုရှားပြည်သူတွေက ဝိုင်းလက်ညှိုးထိုးခံရမလားဆိုတာလည်း ဆက်စောင့်ကြည့်ရပါမယ်။

အခုဆိုရင် ပူတင်ဟာ ယူကရိန်းကိုမြန်မြန်ဆန်ဆန်မသိမ်းနိုင်တာနဲ့အမျှ နောက်ထပ်ရင်ဆိုင်နေရတဲ့ ဖိအားက ရုရှားပြည်သူတွေကိုယ်တိုင် ပူတင်ရဲ့ကျူးကျော်စစ်ကို ဆန့်ကျင်နေကြတာပါ။မတ်လ၂ရက်နေ့က စိန့်ပီတာစဘတ်မြို့မှာ  လူထောင်သောင်းချီ ဆန့်ကျင်ကန့်ကွက်ခဲ့ရာမှာ ဆန္ဒပြသူ ၂၃၅ ဦး အဖမ်းခံခဲ့ရ တယ် လို့ သတင်းတွေကဆိုပါတယ်။ဖေဖော်ဝါရီ ၂၄ ရက်နေ့၊ ရုရှားက စတင်ကျူးကျော် တိုက်ခိုက်ကတည်းကဆိုရင် ရုရှားမှာ စစ်ပွဲ ဆန့်ကျင်မှု ကြောင့် ဖမ်းဆီးခံရသူ ၈,၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ ဆန္ဒပြမှုကြောင့် ထိန်း သိမ်းခံရသူတွေ ရှိသလို ကန့်သတ်ထားတဲ့ လူမှုမီဒီယာကွန်ရက်တွေကို VPN နဲ့ ကျော်ပြီး ပူတင်ကို ဝေဖန် ရေး သားမှုကြောင့် အဖမ်းခံရသူတွေလည်း အများအပြား ရှိတယ်လို့သိရပါတယ်။

ပြောရမယ်ဆိုရင် ပူတင်ရဲ့ယူကရိန်းကျူးကျော်စစ်ဟာ လူ့စည်းဘီလူးစည်းကွဲပြားသလို ကမ္ဘာကြီးကို နှစ်ခြမ်းခွဲခြားပေးလိုက်ပါတယ်။တစ်ခြမ်းက တောရိုင်းဥပဒေကို ပြန်အသက်သွင်းပြီး ကမ္ဘာကြီးကိုဖျက်ဆီးလို တဲ့အုပ်စုပဲဖြစ်ပါတယ်။အဲဒီအုပ်စုဟာ တစ်ကမ္ဘာလုံးပေါင်းမှ လက်၁၀ချောင်းမပြည့်ပါဘူး။အဲဒီထဲမှာ ကိုယ့် ပြည်သူကိုယ်နေ့စဉ်သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်နဲ့ငမိုက်သားတစ်သိုက်လည်းပါဝင်နေပါတယ်။တရုတ်က တောင် ရုရှားကျူးကျော်စစ်ကို ပြတ်ပြတ်သားသားထောက်ခံအားပေးတာမျိုးမရှိပေမဲ့ မြန်မာစစ်အုပ်စုကတော့ တက်တက်ကြွကြွရှေ့ဆုံးကနေ ပူတင်ကိုထောက်ခံအားပေးခြင်းနည်းနဲ့ သူ့ကိုယ်သူထုတ်ဖော်ပြသလိုက်ပါ တယ်။

နောက်တစ်ခြမ်းကတော့ တောရိုင်းဥပဒေကို ပြတ်ပြတ်သားသားဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံများစွာပါဝင် တဲ့အင်အားစုကြီးပဲဖြစ် ပါတယ်။

ရုရှားရဲ့ကျူးကျော်စစ်ဆိုတာ ကမ္ဘာကြီးကို ဘီလူးစည်းလူ့စည်းခွဲခြားပြရုံအဆင့်ပဲရှိပါသေးတယ်။ယူ ကရိန်းကိုအနိုင်တိုက်ပြလိုက်တယ်ဆိုရင်လည်း အဲဒါဟာ ခြေလှမ်းတစ်လှမ်းပဲရှိပါတယ်။ပွဲက အခုမှ စတယ်ဆို ရုံရှိပါသေးတယ်။

■ လင်းခေတ်