ချင်းပြည်နယ် ဖလမ်းမြိုကနေ ဟားခါးမြိုကို ရိက္ခာလာပို့တဲ့ စစ်အုပ်စုရဲ့ ယာဉ်တန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ၃ကြိမ်တိတိ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၆၁ဦးထိ သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO၊ CNDFက ဒီကနေ့ မတ်လ ၄ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်အုပ်စုရဲ့ သံချပ်ကာ အမြှောက်ကား ၂စီး၊ စစ်ကား ၂စီးပါဝင်တဲ့ယာဉ်တန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CNA/CNF၊ CNDF၊ CDFပူးပေါင်းအဖွဲ့က ဖေဖေါ်ဝါရီလ ၂၈ရက်နေ့မှာ ဖလမ်းမြို့ လုံးရန်ရပ်ကွက်နဲ့ တားလ်ကျေးရွာကြားမှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ၁၁ဦးသေဆုံးခဲ့ပါတယ်။
မတ်လ ၂ရက်နေ့မှာ တားလ်ကျေးရွာနဲ့ တာလန်ဇာရ်ကျေးရွာအကြားမှာ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ၃၀ဦးခန့် သေဆုံးပါတယ်။
မတ်လ ၃ရက်နေ့မှာတော့ ရမ်ထလိုကျေးရွာနဲ့ ဒေါက်ထက်ကျေးရွာအကြားမှာ တတိယအကြိမ်မြောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၂၀ဦးကျော် သေဆုံးခဲ့တယ်လို့ CNO၊ CNDFက ဆိုပါတယ်။
တိုက်ပွဲတွေအတွင်းမှာ CANက ၃ဦးကျဆုံးခဲ့ရပြီး CNDFက တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကာ ၁ဦး မစိုးရိမ်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။