အရေးပေါ် အခြေအနေကြောင့် မုံရွာ-အမြင့်လမ်း ယာယီပိတ်

အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ရေးအရှိန်မြင့်တက်နေပြီး အရေးပေါ်အခြေအနေကြောင့် မုံရွာ-အမြင့်လမ်း ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားမယ်လို့ ညီနောင် မဟာမိတ် (၁၀) ဖွဲ့က ကြေညာလိုက်ပါတယ်။
ဒီကနေ့ မတ်လ ၃ ရက်နေ့က စတင်ပြီး ပြည်သူတွေအနေနဲ့ မုံရွာ-အမြင့်လမ်းကို လုံးဝဖြတ်သန်းသွားလာတာတွေ မလုပ်ဆောင်ဘဲ အရေးပေါ်ကိစ္စရှိလာပါက ညီနောင်မဟာမိတ်အဖွဲ့တွေကို အကြောင်းကြားပြီးမှသာ သွားလာကြဖို့ သတိပေးထားပါတယ်။
လမ်းပိုင်း ပြန်လည်အသုံးပြုနိုင်တဲ့ အချိန်ကို ကြေညာပေးသွားမယ်လို့ ညီနောင် မဟာမိတ် (၁၀) ဖွဲ့ဖြစ်တဲ့ Monuwa Lightning PDF.၊Monywa Peregrine PDF ၊Black Wolf Defence force ၊Chaung U Local Defence Force ၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army ၊Farmers Revolution Force CHU ၊Black Eagle People’s Defence Force ၊Monywa Brave Hearts MBH ၊Dragon Brother’s PDFနဲ့ ဗန္ဓုလ-အဖွဲ့တွေက ဆိုပါတယ်။