ဆောနယ်က လမ်းပိုင်း ၃ ခုကို ဖြတ်သန်းသွားလာတာ မလုပ်ဆောင်ဖို့ ကြေညာ

မကွေးတိုင်း ဆောဒေသအတွင်းရှိ ဆော-ကျောက်ထုလမ်းပိုင်း၊ ဆော-ဆိပ်ဖြူလမ်းပိုင်းနဲ့ ဆော-လောင်းရှည်လမ်းပိုင်း ၃ ခုကို ပြည်သူတွေအနေနဲ့ လုံခြုံရေးအရ ဖြတ်သန်းသွားလာတာတွေ မလုပ်ဆောင်ဖို့ ဆော PDF က ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ဆောဒေသအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာနေတာကြောင့် အခုလို ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားရတာဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်မှု အားကောင်းနေတဲ့ ဆောဒေသကို စစ်အုပ်စုက နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုး တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။