ဖားကန့်မှာ ​မြေစာပုံထပ်ပြိုကျ ​ရေမ​ဆေးသမား ၅၀ ဦးခန့်​ပျောက်ဆုံး​နေ

Photo – The 74 Media
ဖားကန့် ဖားပြင်ကျေးရွာ အနီးရှိ တူးဖော်နေဆဲ YTT နဲ့ သံလွင်ဧရာလုပ်ကွက်တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ည (၁၀) နာရီခန့်က မြေစာပြိုကျပြီး ရေမဆေးကျောက်ရှာဖွေနေသူ ၅၀ ထက်မနည်းနဲ့ ဘက်ဘိုးသုံးစီး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ​ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စု စတင်အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်စိမ်းခိုးတူးမှုတွေ အထိန်းအကွပ်မရှိ​ ဆိုးရွားနေပြီး ဖားကန့်မြို့ ဝှေခါကျေးရွာ လုပ်ကွက်ဟောင်းတွင်လည်း ၂၀၂၀ ခုနစ်၊ ဇူလိုင်လ ၂ ရက်နေ့က မြေစာပြိုကျမှုဖြစ်ပြီး လူပေါင်း ၂၀၀ ခန့် သေဆုံးခဲ့ပါတယ်။
၂၀၂၁ ဒီဇင်ဘာလကလည်း မြေစာပုံနှစ်ကြိမ်ပြိုကျပြီး လူ နှစ်ဆယ်ဦးထက်မနည်းသေဆုံးခဲ့တာပါ။