ပေါက်မြို့နယ်၊ ဝန်းချုံတောင်ကုန်းပေါ် မိုင်းဆွဲခံရလို့ စစ်အုပ်စုဝင် ၃ ဦးသေ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်ချုံးရွာ အနောက်ဘက်တောင်ကုန်းပေါ်မှာ မိုင်းဆွဲခံရတာကြောင့် အကြမ်းဖက်စစ်အုပ်စုဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဖေဖေါ်ဝါရီ ၂၈ ရက် နေ့ခင်းပိုင်းမှာ ဝန်ချုံးရွာ အနောက်ဘက်တောင်ကုန်းပေါ် အကြမ်းဖက်စစ်သား၊ ပျူစောထီးတို့နဲ့ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုလည်းပြုလုပ်ခဲ့ရာ ဒဏ်ရာပြင်းထန်တဲ့ စစ်အုပ်စုဝင်တွေလည်း ရှိခဲ့တယ်လို့ ပေါက်မြို့နယ်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ (SPGF) က ယမန်နေ့ညက ထုတ်ပြန်ပါတယ်။
SPGF နဲ့အတူ GZ အဖွဲ့လည်း ပူးပေါင်းတိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော် ၂ ဦး ရှေ့တန်းမှာ ဆက်သွယ်လို့မရဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။