တကူကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ဘက်မလိုက် ပြောက်ကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ Tanintharyi Defense Force က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ စတင်ကာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ လက်နက်ကြီးတွေ ကျရောက်မှုကြောင့် သံတိုက်ရွာမှ ဦးတင်အောင်နဲ့ ဦးမြတ်ထွန်းတို့ရဲ့ နေအိမ်တွေ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။