ထားဝယ် လူထုလှုပ်ရှားမှုသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် ဆန္ဒထုတ်ဖော်

Photo – GSCB
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းတွင် အမျိုးသမီးများ၊အခြေခံပညာ ကျောင်းသူ/သားများနှင့် လူငယ်များ ပူးပေါင်းကာ ထားဝယ် ဒီမိုကရေစီအရေး လှုပ်ရှားမှု လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု လူထုသပိတ်စစ်ကြောင်းကြီးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ကျည်အစစ်တွေသုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် ပြည်သူ (၄) ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့ပါတယ်။