မင်းတပ်မှာ အရက်၊ ဘီယာ လုံးဝမရောင်းရဘူးလို့ CDF-Mindat ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အရက်၊ ဘီယာရောင်းဝယ်ဖောက်ကားမှု လုံးဝမပြုလုပ်ဖို့ ချင်းကာကွယ် ရေးတပ်ဖွဲ့(CDF-Mindat) က ထုတ်ပြန်လိုက်ပါတယ်။
CDF-Mindat ရဲ့ စတုတ္ထအကြိမ် ဗဟိုကာကွယ်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပိတ်ပင်လိုက် ခြင်းဖြစ်ပြီး အရက်ဘီယာ ရောင်းဝယ်ဖောက်ကားသူကို ထိရောက်စွာ အရေးယူသွားမယ်လို့ ယမန်နေ့ညက CDF-Mindat ရဲ့ လူမှုကွန်ရက်ပေါ် ထုတ်ပြန်ပါတယ်။
အရက်၊ ဘီယာ ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်ပြီး သီးခြားထုတ်ပြန်မှု မပြုမီအချိန်ထိ အခုတားမြစ်ချက်ဟာ အတည်ဖြစ်တယ်လို့ ဆိုပါတယ်။