စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတောမြောက်ကျေးရွာမှာ CDM ကျောင်းဆရာမတစ်ဦးရဲ့ နေအိမ်ကို ဝင်ရောက်ဖျက်ဆီးပြီး ခြိမ်းခြောက်စာတွေ ရေးသားသွားခဲ့တယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ သတင်းဖော်ပြလာခဲ့ပါတယ်။
CDMကျောင်းဆရာမရဲ့ နေအိမ်ကို စစ်အုပ်စုက ဖျက်ဆီးဝင်ရောက်ကာ ရေခဲသေတ္တာတစ်လုံးနဲ့ TV တစ်လုံးကို ခိုးယူသွားခဲ့ပြီး နေအိမ်အတွင်းက ပစ္စည်းတွေကို ဖျက်ဆီးကာ ခြိမ်းခြောက်စာတွေကိုပါ ရေးသားသွားခဲ့တာပါ။
စစ်အုပ်စုဟာ ညောင်ပင်ဇောက်ကျောက်ပေါက် အနီးမှာရှိတဲ့ တဲအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျောက်ပေါက်အနီးမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။