မြေအောက် ရထားဘူတာရုံတွေမှာ ခိုလှုံနေကြရတဲ့ ကိယက်ဗ် မြို့သူမြို့သားတွေ

Photo- AFP
ရုရှားအစိုးရက ယူကရိန်းနိုင်ငံကို စစ်ကြေညာပြီး နိုင်ငံအနှံကို လက်နက်ကြီးတွေနဲ့ စတင်တိုက်ခိုက်ပြီးနောက် မြို့တော် ကိယက်ဗ်မြို့က ဒေသခံတွေဟာ မြေအောက်ရထားဘူတာရုံများသို့ သွားရောက်ခိုလှုံနေကြရပါတယ်။
ယူကရိန်းသမ္မတကလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်အခြေအနေကြေညာထားပြီး ပြည်သူတွေ အထိပ်တလန့် မဖြစ်ကြဖို့ တိုက်တွန်းထားပါတယ်။