ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းကို အမည်မသိ သေနတ်သမားအဖွဲ့က ပစ်ခတ်သွားတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းဟာ ရာအိမ်မှူးတစ်ဦးနဲ့ ရုံးဖွင့်ဖို့ ထွက်လာစဉ်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“သုံးချက်ပစ်သွားတာ ပွဲချင်းပြီးပါပဲ သူ့ကို ဒလန်ဆက်မလုပ်ဖို့နဲ့ အုပ်ကြီးကနေထွက်ဖို့ သတိပေးခံရတာ အကြိမ်မနည်းဘူး ဆက်လုပ်နေတော့ ရှင်းပစ်လိုက်တာနေမယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။