တာဝေးပစ် သေနတ် ဝယ်ယူနိုင်ပြီလို့ DMO-PDF ထုတ်ပြန်

ကယားပြည်နယ်(ကရင်နီ)မှာ အကြမ်းဖက်စစ်အုပ်စုကို ခုခံစစ်ပွဲဆင်နွှဲနေတဲ့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DMO-PDFအနေနဲ့ ပြည်သူတွေရဲ့ ကူညီမှုနဲ့ RUGER PRECISION RIFLE သေနတ်ကို ဝယ်ယူနိုင်ခဲ့ပြီလို့ ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
RUGER PRECISION RIFLEရဲ့ ကုန်ကျစရိတ်ဟာ ၃၆၇ သိန်းရှိခဲ့ပြီး ထည့်သွင်းပစ်ခတ်ရတဲ့ ကျည်ဆံတစ်တောင့်ရဲ့ တန်ဖိုးဟာ ၅၅၀၀၀ ကျပ်ကျသင့်တယ်လို့ သိရပါတယ်။
သေနတ်ကို DMO-PDF တပ်တွင်းကို သယ်ဆောင်လာနိုင်ခဲ့ပြီဖြစ်ကာ တိုက်ပွဲနိုင်ဖို့အတွက် အသင့်ဖြစ်နေပြီလို့ သိရပါတယ်။