အကြမ်းဖက်တပ် ဝင်စီးထားတဲ့ ဆိပ်ခွန်ရွာထဲက အိမ်တွေကို ဖောက်ထွင်းလုယက်

အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းထားတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ဆိပ်ခွန်ရွာထဲကို ဒီနေ့ မနက်ပိုင်းမှာ ပျူစောထီး ၅၀ လောက် ထပ်မံဝင်ရောက်လာပြီး ဒေသခံတွေရဲ့ ပစ္စည်းတွေကို လုယက်သွား တယ်လို့ သိရပါတယ်။
ယမန်နေ့မနက် ၆ နာရီကျော်လောက်မှာ အကြမ်းဖက်တပ်နဲ့ပျူစောထီးအင်အား၁၀၀ဝန်းကျင်လောက်ဟာ ဆိပ်ခွန်ရွာအနောက်ဘက်ကနေ ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ကာ ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး ရွာခံ ၅၀၀၀ ကျော် ဘေးကင်းရာနေရာတွေဆီ ထွက်ပြေးနေကြရပါတယ်။
‘ဘာပြဿနာမှမရှိဘဲ ဒလန်တွေနဲ့အတူ လက်နက်ကြီးနဲ့ပစ်ဝင်တယ်။ဒလန်က လက် ညှိုးထိုးပြတဲ့အိမ်တွေကို ဝင်မွှေတယ်။ဝင်ဖျက်ဆီးတယ်။ပြီးတော့တနေကုန် တစ်အိမ်ချင်းစီကို ကားဖင်ထိုးပြီး သူတို့လိုချင်တဲ့ပစ္စည်းတွေယူတယ်။ညဘက်၉နာရီခွဲကျော်မှာ အိမ်တစ်အိမ်ကို မီးရှို့ပြီး ပြန်ငြှိမ်းတယ်။ဒီမနက် လည်းရောက်ရော သူတို့ဝါဒဖြန့်တဲ့ ဖေ့စ်ဘွတ်ခ်တွေကနေ PDF တွေက မီးရှို့လို့ စစ်တပ်က မီးငြှိမ်းနေပါတယ် ဆိုပြီး တင်နေတယ်’လို့ ဆိပ်ခွန်ရွာနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ ယမန်နေ့က ဆိပ်ခွန်ရွာသား၅ဦးဖမ်းဆီးခံထားရပြီး စိတ်ဝေဒနာရှင် တစ်ဦး သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးခဲ့တယ်လို့သိရပါတယ်။
‘အခုအဖမ်းခံထားရတဲ့လူတွေက ကိုယ့်ပစ္စည်းကိုယ်ဖြုတ်သိမ်းနေကြတာ၊ယက္ကန်းစင်မော်တာတွေဘာတွေပေါ့ ။ပြေးချိန်မရလိုက်လို့ အဖမ်းခံလိုက်ရတာ’လို့သူကဆက်ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ကိုယ့်ပစ္စည်းကိုယ်လာယူကြဖို့ အကြမ်းဖက်စစ်တပ်ကပြောထားပြီး ရွာထဲဝင်ယူသူရှိ၊မရှိ မသိသေးဘူးလို့ သူကဆိုပါတယ်။
‘စစ်ခွေးတွေ ရွာကတစ်အိမ်ချင်းစီက သူတို့စိတ်ကြိုက်ပစ္စည်းတွေ လုယက်ပြီးမှ ကိုယ့်ပစ္စည်းကိုယ်လာသယ် ဖို့ ပြောတာ’လို့ သူကပြောပါတယ်။
ဇန်နဝါရီ ၂၄ ရက်ကလည်း ဆိပ်ခွန်အနီးက ရွာစိုးရွာနဲ့ပေါက်ချိုင်ရွာထဲ အကြမ်းဖက်တပ်တွေ ဝင်ရောက်လုယက်ပြီးနောက် မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ကာ ရွာသား နှစ်ဦးအသတ်ခံရတယ်လို့ သိရပါတယ်။
‘အခုစစ်ခွေးတွေကို ပန်းလှိုင်ရွာမှာ တပ်စွဲထားတယ်။ပန်းလှိုင်မတိုင်ခင်က သီးလုံးရွာမှာတပ်စွဲတယ်။သူတို့ တပ်စွဲတဲ့ရွာတွေက လူတွေကို ဖမ်းဆီးသတ်ဖြတ်တာပဲ’လို့ သူကဆက်ပြောပါတယ်။
ဆိပ်ခွန်ရွာဟာ တိုက်နယ်အဆင့်ကျေးရွာကြီ