ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတွေက ကျောင်းအုပ်တွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အင်တာဗျူးတွေကို စုစည်းထုတ်ဝေထားတဲ့ စာအုပ်တွေကို မဝယ်မနေရစနစ်နဲ့ ပညာရေးဌာနက ရောင်းချနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စာအုပ်တစ်အုပ်ကို ၂၀၀၀ ကျပ်နဲ့ မဝယ်မနေရဝယ်ယူခိုင်းပြီးတော့ စစ်အုပ်စုက ဝါဒဖြန့်ချီရေး စာအုပ်တွေကို ဝယ်ယူခိုင်းနေတာဟာ အခြေခံပညာရေးကနေစတင်ပြီးတော့ ဝါဒဖြန့်ချီရေးကို စတင်အသက်သွင်းနေတာဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေက ဆိုပါတယ်။
ဒါ့အပြင် Non CDM ဝန်ထမ်းဟောင်းတွေကိုလည်း အသစ်ထပ်ခန့်ထားတဲ့ ဝန်ထမ်းတွေကို စောင့်ကြည့်စေတာ ဝန်ထမ်းအချင်းချင်း အင်္ကျီအနက် ဦးထုတ်အနက် ဝတ်ဆင်တာတွေ လူမှုကွန်ရက်စာမျက်နှာတွေပေါ် မျှဝေတာတွေကို စောင့်ကြည့်ခိုင်းပြီး အဆင့်ဆင့် ပြန်လည် သတင်းပေးပို့တာတွေကို လုပ်ဆောင်ခိုင်းစေထားတယ်လို့ သိရပါတယ်။