အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ပြည်သူ ၂ ဦး အသက်ဆုံးပါးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခန့် ပြည်သူတွေ အိပ်စက်အနားယူနေချိန်မှာ စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ KNU မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မထောကျေးရွာအုပ်စု တနွီးခါကျေးရွာအတွင်း ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တွေအချို့လည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။