မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ် ရဲစခန်းကို မြင်းမူ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်စီးနင်းပြီး စခန်းကို မိုင်းခွဲ ရှင်းလင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်ရဲစခန်းကို မြင်းမူ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ စစ်သားနှင့်ရဲများ ထွက်ပြေးသွားလို့ အလွယ်တကူ သိမ်းပိုက်ပြီး စခန်းကို မိုင်းခွဲရှင်းလင်းလိုက်ကြောင်း မြင်းမူ PDF က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၂ နာရီ ၀၅ မိနစ်အချိန် မြင်းမူမြို့နယ် ဂုံညင်း ဆိပ် ရဲစခန်းကို MMUPDF က ဦးဆောင်ပြီး Black Eagle Defence Force – MMU၊ မြင်းမူလျပ်စီးပြောက်ကျားတပ်ဖွဲ့၊ Myin Mu Defence Force၊ မြောင် မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM စတဲ့မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ ဝင်ရောက်စီးနင်းခဲ့ပြီးစစ်သားနှင့် ရဲများ ထွက်ပြေးတိမ်းရှောင် သွားတာကြောင့် အပြန်အလှန် ပစ်ခက်မှုများ မရှိဘဲ ကျန်ရှိနေသောပစ္စည်းတွေကို ပြည်သူပိုင်အဖြစ် သိမ်းယူပြီး အဆောက် အဦများကို မိုင်းခွဲ ရှင်းလင်းခဲ့ကြောင်း People Defence Force Myinmu-MMUPDF က သတင်းထုတ်ပြန်ထားပါတယ်။